Wednesday, October 26, 2011

တစ်ခြမ်းပဲ့မိုးတိမ်

မိုးစက်သံတစ်ဖြောက်ဖြောက်နှင့်
ချစ်သူ၏အပြုံးတို့အား
လိုက်ဖက်စွာစားသုံး
ခရေပွင့်လေးများနှင့်အတူ
လေနှင်ရာလိုက်ပါ.....
ချိုသာသောအသံတစ်သံ
ချစ်သူမှန်းသိလိုက်ရ
မိုးရေစက်သံတို့နှင့်ရောနှော
လေနှင်ရာလိုက်ပါမိ.....
မီးရောင်မှိတ်တုတ်...မှိတ်တုတ်...
မိုးရေစက်တို့
ဖြောက်...ဖြောက်...
ဖြောက်...ဖြောက်...
စိတ်ကူးရေယာဉ်
တောင်စဉ်ရေမရ
မျှောလို့ပါမိ.....

1 comment:

ကိုထွဋ် said...

ဘာလို့ မိုးတိမ်က တစ်ခြမ်းပဲ့နေတာလဲ..

ကဗျာ လာဖတ်သွားပါတယ်...