Saturday, November 5, 2011

နှိုင်းယှဉ်ချက်


အခြားသူတွေ
လှေကလေးကိုစီးနေချိန်
ငါဟာ.....
ပင်လယ်ကြီးထဲ
ပင်ပန်းကြီးစွာလက်ပစ်ကူးလို့
အခြားသူတွေသင်္ဘောကြီးနဲ့ပျော်နေချိန်
ငါဟာ.....
လှေကလေးနဲ့
လှိုင်းလုံးကြီးတွေကြားရုန်းနေရဆဲ
တစ်ခါတစ်ရံ.....
ကမ်းတစ်ခုမှာကပ်ချင်ပေမယ့်
သောင်ပြင်ဘယ်ကမ်း
လှမ်းလို့မမြင်
ငါ့...ခံစားချက်.....
အဘယ်သို့ဖွင့်ထုတ်ရမလဲ
မာယာများတဲ့...ဘ၀ပင်လယ်.....

No comments: