Saturday, October 22, 2011

ချစ်သူဆီသို့

ကမ္ဘာမြေရဲ့အဝေးတစ်နေရာသို့
တစ်ယောက်ထဲထွက်သွားခဲ့တိုင်း
တစ်ယောက်ထဲဖြစ်နေခဲ့....
ချစ်သူမရှိဘဲနေခဲ့ရတဲ့အချိန်
ချစ်သူဘေးနားအမြဲနေချင်တဲ့စိတ်ကို
ချိုးနှိမ်ရိုက်ခတ်နေခဲ့....
ဘ၀ရဲ့ဆူးညှောင့်ခလုတ်တွေကို
ခွကျော်နင်းလိုက်တိုင်း
ယိုင်နဲ့သွားခဲ့ရတဲ့အခြေအနေ...
လှေကားထစ်တစ်ခုကိုလှမ်းတိုင်း
ဒဏ်ရာတစ်ခုပေးခဲ့ရ
မရှုမလှစိတ်ဒုက္ခ.....
မျက်စိကိုမှိတ် အံကိုကြိတ်
ဘ၀ကိုရှု ချစ်သူကိုမူ
လျှောက်ရင်း..လျှောက်ရင်း...
လျှောက်ရင်း...လျှောက်ရင်း...

No comments: