Thursday, December 22, 2011

Post Code Error Beep

ကွန်ပျူတာမတတ်ခင်မှာ တီတီ...တီတီ နဲ့မြည်နေပြီး ကွန်ပျူတာမတတ်တာကို ကြုံဖူးကြပါသလား။ အဲဒါဘယ်ကမြည်နေသလဲဆိုတော့ System Unit ထဲက System Speaker ကပါ။ Piezoelectric Speaker လို့ခေါ်ပါတယ်။နောက်တစ်မျိုးက MotherBoardပေါ်မှာပဲတွဲလျှက်ပါလာတတ်ပါတယ်။ အဲဒီ Speaker လေးကမြည်တဲ့အသံများကတော့ အောက်ပါအတိုင်းဖြစ်ပါတယ်-
-      ဆက်တိုက်သံထွက် - Memory(RAM) များလွတ်နေသလား၊ သေချာဖိကြည့်ပါ။ မရရင်တော့လဲပါ။
-      သံရှည် ၁၊ သံတို ၃ -  VGA ဖြစ်နိုင် RAM လည်းဖြစ်နိုင်ပါတယ်။
-      သံရှည် ၁၊ သံတို ၂ - VGA မှာပြဿနာရှိနေပါတယ်။ VGA ကိုစစ်ကြည့်ပါ။
-      အသံတော်တော်ကျယ်ထွက် - CPU အပူလွန်နေတာပါ၊ ပန်ကာပျက်နေသလား။
-      တိုးလိုက်၊ ကျယ်လိုက် - CPU ပါပဲ၊ CPU မကောင်းပါဘူး။ လဲကြည့်ပါ။
     ဒါမှမဟုတ် ဘာမှမမြည်ဘူး၊ ကွန်ပျူတာလည်းမတတ်ဘူးဆိုရင်တော့ သေချာပါပြီ။ လူကြီးမင်းတို့ရဲ့ ကွန်ပျူတာမှာ အဲဒီ Speakerလေးရှိမနေပါဘူး (ဒါမှမဟုတ်) ပျက်နေပါပြီ။ အဲဒါဆိုရင်တော့ ကွန်ပျူတာဆိုင်ကိုသွား Motherboardပေါ်မှာအရှင်တတ်လို့ရတဲ့ Speakerလေးကိုဝယ်။ ပြီးရင် Motherboard ရဲ့သက်ဆိုင်ရာနေရာမှာတပ်။ ဘယ်နေရာကဒုက္ခပေးနေသလဲ နားထောင်။ ပြီးရင်ကွန်ပျူတာကိုပိတ်(ဂျိတ်)။ RAM ဆိုရင်လည်း RAM ကိုဖိကြည့်၊ ပြီးရင်ကွန်ပျူတာပြန်ဖွင့်။ မတတ်ဘူးလား။ မတတ်ရင်ပြန်ပိတ်။ ဒီတစ်ခါဖိမရရင် နှုတ်(ဖြုတ်)ကြည့်၊ ပြီးရင်ပြန်တပ်။ ပြန်ဖွင့်။ အဲဒါမှမရရင် အစားထိုးတစ်ခုသာလဲတတ်ကြည့်ပါ။ အဲတတ်ပြီဆိုရင်တော့ အဲဒီပစ္စည်းကိုသာလဲလိုက်ပါတော့။
     အဲဒီနည်းကိုလည်းသိပ်စိတ်မချပါနဲ့။ မတော်လို့ Motherboardကြောင်သွားရင်တော့ Beepတွေလည်းမှန်ချင်မှမှန်တော့မှာပါ။ ကျွန်တော်အဲဒါမျိုးတော့မကြုံဖူးသေးပါဘူး။ အများဆုံးကြုံရတာတော့ RAM လွတ်နေတာကိုတော့ ခဏခဏကြုံရတာပဲ။ ဘာလို့။ ကျွန်တော်က service လုပ်ရတော့ဖြုတ်လိုက်တပ်လိုက်နဲ့ဆိုတော့ တစ်ခါတစ်လေမမိလိုက်တာတွေဘာတွေဖြစ်နိုင်တယ်လေ။ အဲဒီမှာမြည်တော့တာပဲ။ မမြည်ဘူး ကွန်ပျူတာမတတ်ဘူးဆိုရင်။ လိုက်ဖိတော့တာပဲ။ ဖိတာကိုအထင်မသေးပါနဲ့။ တကယ်အစွမ်းထက်တယ်။ ပြီးရင်ကွန်ပျူတာဖွင့်ကြည့် တတ်သွားတာများပါတယ်။ ဘာကြောင့်ဆိုတာသိကြလား။ ကျွန်တော်တို့နိုင်ငံရဲ့ Clone Computer  အစွမ်းတွေပေါ့။ Clone ဆိုတာ ဟိုကတစ်ခုဒီကတစ်ခု အဲဒီလိုတွေဝယ်ဆင် ကြိုက်တဲ့ Casing ရွေးတတ်၊ အဲဒါမျိုးကိုပြောတာပါ။ Branded ဆိုရင်ဒါမျိုး ပြဿာနာမရှိပါဘူး။ ဖြစ်သွားရင်တော့ရှင်းတယ်။ သက်ဆိုင်ရာ Company ကိုသွားအပ်လိုက်ရုံပဲ။ ဖြစ်ခဲပါတယ်။ ကဲ...ဒီလောက်ပါပဲ။

No comments: