Saturday, November 5, 2011

တောင်းဆိုချက်

Hello! လေပြည်
ကိုယ့်ဆီညင်သာစွာတိုက်ခတ်ပေးပါ
ရင်ထဲကအပူမီးတွေငြိမ်းစေဖို့
မင်းဆီကလိုချင်တာ
ညင်သာတဲ့လေနုအေးလေး
ဖြစ်စေချင်.....
အတုအယောင်တော့မလုပ်ပါနဲ့
ခံစားရမှာကြောက်လို့
ကိုယ့်ဆီလာချင်ရင်ဖြင့်မညာစေချင်
အဖြူသက်သက်သာလာခဲ့ပါ.....
ကြင်နာညင်သာစွာဆီးလို့ကြိုမယ်
မင်းလေးလိုချင်ခဲ့ရင်ပေါ့
ကိုယ့်ဆီမှာရှိတာယူခွင့်ရှိတယ်
ချစ်တယ်ဆိုရင်မညာပါနဲ့.....

No comments: